ဒီနေ့ နည်းလေးကတော့ အင်မတန်မိုက်တယ်လို့ပါ ဆိုရတော့မှာပေါ့
ဒါပေမယ့် စက်တိုင်းတော့ မရဘူးဗျ မရဘူးဆိုတာက ဒီလိုပါ hotspot ပြန်လွှင့်ဖို့
မရတဲ့ စက်တွေဆိုရင်တော့ လုပ်မရနိုင်ပါဘူး
အဲဒါဘယ်လိုသိနိုင်မလဲဆိုတော့ Windows+R နဲ့ တွဲနှိပ်ပြီး cmd လို့ရိုက်ထည့်လိုက်ပါ
ဒါဆို Command Prompt လေးကျလာပါမယ်
အဲဒီမှာ netsh wlan show drivers ကို ရိုက်ထည့်လိုက်ပါ ပြိးရင် Enter နှိပ်
အောက်ကပုံလေးအတိုင်းဖြစ်လာလိမ့်မယ်
အဲဓိကက အဲမှာစတာ ကြည့်လိုက်
No ပြနေမယ်ဆိုရင်တော့ ဒီအဆင့်မှာတင်ရပ်လိုက်ပါတော့ မရပါဘူး
ပြီးသွားရင် ဒီဆော့ဝဲ ကိုဒေါင်း ဖိုင်ဆိုဒ်က ပါးပါးလေး
ဒေါင်းပြီးရင် Zip မဖြည်ပါနဲ့ အဲဒီဖိုင်လေးကိုနှစ်ချက်နှိပ်ပြီး
virtual Router Plus လို့ အနီလေးနဲ့ ပြထားတဲ့ ဟာလေးကို ကလစ်လိုက်ပါ
အဲဒါဆိုရင် ဆော့ဝဲလေး တက်လာပါလိမ့်မယ် (ခဏကြာနေတတ်သည် ခဏစောင့်ပေးပါ)
ကျွန်တော် ပုံမှာပြထားတဲ့အတိုင်းပဲ နာမည်ပေး password ထည့်ပြီး Start လုပ်လိုက်ပါ
ဒီအဆင့်မှာ error ပြတတ်ပါသည် မပူနဲ့ နောက်တစ်ကြိမ် Start လုပ်ကြည့်ပါ အဆင်ပြေပါလိမ့်မည်
အဆင်ပြေရင် အောက်ကပုံလေးလို notification လေးပြလာပါလိမ့်မယ်
အားလုံး အဆင်ပြေကြပါစေ
အောင်ကျော်ခိုင်(ပုသိမ်)
အောင်ကျော်ခိုင်(ပုသိမ်)
No comments:
Post a Comment