
လိုအပ်ချက်တွေကတော့
1.PC ( Personal Computer ) မှာ အင်တာနက်ချိတ်ထားရပါမယ်..
2. မိမိအသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန်မှန်ကန်နေရမှာဖြစ်ပါ
လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာဖြစ်ပါတယ်... သာမန်အားဖြင့် Settings>>Application>>
2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင် ဒီမှာ ဒေါင်းပါ... Driver Install လုပ်ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက်လိုက်ပါ...
3. အောက်မှာပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...
Dev-Host Solidfiles Mediafire
4. ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ဘောက်မှာ Select Device ဆိုတဲ့အကွက်ကိုနှိပ်ပြီး ကိုယ့်ဖုန်းအမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကိုသိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေပါလိမ့်မယ်..
6. ခဏကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကိုနှိပ်ပေးလိုက်ပါ...
7. အားလုံးပြီးသွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ရပါပြီခင်ဗျာ...
တစ်ချို့ အခက်အခဲတွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်.
ဒါလုပ်ပြီးသွားရင်တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့်နိုင်ပါသေးတယ်...
အဆင်ပြေကြပါစေခင်ဗျာ...
မောင်ပေါက်


No comments:
Post a Comment